အရသာချိုချို အချစ်တွေပိုပိုပေးပြီး
စွန့်ခွာထွက်ပြေး ချန်ရစ်ခဲ့တာ
အတိတ်စာမျက်နှာမှာ ဒဏ်ရာတခုကျန်ခဲ့ပြီ..
ခဏလေး ပတ်သတ်ခဲ့တယ်ဆိုပေမယ့်
ရင်ထဲမှာ သံသရာတစ်ခုလုံးစာ မမေ့မလျော့
ခံစားချက်တွေ အသစ်ပြန်ကျော့နေမိတယ်...
နေရက်တယ်.. တစ်ခါမှမသိဖူးတဲ့ တစိမ်းတစ်ယောက်လို..
တကယ်တော့ငါ့အချစ်က လွမ်းဖို့သက်သက်
ပွင့်ခဲ့ရတဲ့ အပယ်ခံပန်းလေးတစ်ပွင့်အလားပါလားးး ။။။။။။။။။။။။။။။။။။။။။။
ရင်ဖွင့်ဖို့ထက် ကြိတ်မှိတ်ခံစားတတ်တဲ့စိတ်ကြောင့်
ဝေဒနာကတစ်ရက်ပြီးတစ်ရက် တိုးလာတယ်..
ယုယခဲ့တဲ့စွဲလမ်းစိတ်က အိပ်မက်ထဲထိ
အလည်လာတတ်တဲ့ အသံချိုချိုတွေနဲ့
ထာဝရ ကျောခိုင်းသွားတဲ့ ကောင်လေးရေ..
လက်ညိုးညွှန်ရာ အလွမ်းရှိပါစေဆိုတဲ့ တောင်းဆုနဲ့ပြည့်ခဲ့သလားး။။။။။။။။။။။။။။။။။။။
အချစ်အကြောင်း စာလုံးပေါင်းပြလဲ နားမလည်တဲ့နင်ကြောင့်
ကျောင်းမှာ ကြေကွဲခြင်းခေါင်းလောင်းသံတွေမြည်ကုန်ပြီ..
ညပေါင်းများစွာ နေ့ပေါင်းများစွာ အချိန်စက္ကန့်မလပ်သတိရတတ်လို့
အော်ငိုမိလဲ ရင်ထဲမှာသာ....
ဆွေးမြေ့လောင်ကျွမ်းပြီး ပြာကျနေတာလေ...
သူရှိရာနေရာကို ငါ့နှလုံးသားရဲ့ သန့်ရှင်းစင်ကြယ်မှုနဲ့
ဖြူစင်စွာမြတ်နိုးမိတဲ့ ချစ်ခြင်းမေတ္တာဓာတ်ကို ပေးပို့အပ်လို့
သူ့ဘ၀...သူ့ကမ္ဘာလေး ထာဝရပျော်ရွှင်ချမ်းမြေ့ပြီးး
ရေလိုအေးလို့...ပန်းလိုမွှေးနိုင်ပါစေလို့ တောင်းဆုချွေရင်းးး
သူ့အနာဂတ်လေးးးးးးးးးလှပါစေသားးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
★♫ မေဖြူချစ်နှင်း♫ ★
No comments:
Post a Comment