Monday, 2 July 2012

△ℬ◒⌍☠☆★❤♪♫ နှလုံးသားနှင့်စီရင်ခွင့်မပြုပါ△ℬ◒⌍☠☆★❤♪♫

                                             အတိတ်နဲ့ ပစ္စုပ္ပန်ကိုရောစပ် 
                                                အနာဂတ်ယုံကြည်မှုပါ
ထပ်ဖြည့်ခဲ့တဲ့ပန်းချီကားလေးတစ်ချပ်ကို
ကျောခိုင်းမိခဲ့တာ အချိန်ကာလတစ်ခုကြာခဲ့ပါပြီ...
မြတ်နိုးစွဲလမ်းခြင်းတွေနဲ့ သေသပ်စွာချည်နှောင်ခဲ့တဲ့
အတိတ်တစ်ခုကို နှလုံးသားတစ်စုံပေးအပ်ပြီးကျော်လွန်လို့
ဖြတ်သန်းခဲ့ရတဲ့ သက်တမ်းရင့်ရင့်ရင်ခုန်သံတွေပါ.....။။။။။။။။။။။။။။။။။။။။။။။။။။။
ရင်နဲ့မဆံ့တဲ့ချစ်ခြင်းတွေကို

မာယာမကြွယ် ..ပရိယာယ်မပါဘဲ

ရိုးရှင်းစွာပြန့်ကျဲပြီး နင့်ကိုအမြဲအေးမြစေချင်ခဲ့သူပါ..

နင်ကတော့ ဒီတိုင်းဘာမှမဟုတ်သလို ပေါ့ပေါ့လေးးဖြစ်ခဲ့တဲ့

ရင်ခုန်သံပါလို့ ပြောထွက်ရက်တယ်နော်....

နင်နဲ့အတူဖြတ်သန်းခဲ့တဲ့နေ့ရက်တွေမှာ အနာဂတ်ကိုကိုးစားမိလို့

ပျော်စရာလေးပဲ ငါတွေးမိဖူးတယ်.

လမ်းခွဲခြင်းအဆုံးသတ်ရဲ့ ဒဏ်ရာတွေအတွက်

ဖြေဆေးကိုတော့ ကြိုပြီးမဆောင်ထားခဲ့မိဘူး.....။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငါ နင့်အတွက်တော့ စိုးရိမ်မိပါရဲ့..

ရီပြီးရင်ငိုရတတ်တဲ့ လောကကြီးရဲ့သာတူညီမျှသဘာဝကို

နင်နားမလည်သေးဘူးထင်ပါရဲ့...

သစ္စာတရားနဲ့လိပ်ပြာသန့်သန့် ချစ်ခဲ့တဲ့သူဆိုတော့

ငါလွမ်းရဲပါတယ်..အလွမ်းနေရက်တွေကိုတယုတယဖြတ်သန်းဦးမှာပါ....

"ပန်းကောင်းတစ်ပွင့်ပန်ဆင်ချင်သူ မိန်းကလေးတစ်ယောက်က

သူ့အချစ်ကိုလဲ ရိုးမြေကျသစ္စာထားတတ်တယ်" တဲ့လေ...

ငါ့အချစ်နဲ့ င့ါသစ္စာ နင့်ကိုမစူးစေဖို့ ငါအမြဲဆုတောင်းပေးနေပါတယ်.......။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
င့ါအတွေးနောက် နင်လိုက်မလာတဲ့အချိန်တွေနဲ့

နင့်အတွေးနောက် ငါလိုက်မလာတဲ့အချိန်တွေက

တဖြည်းဖြည်းဝေးကျန်ခဲ့ပြီ....

စိတ်မကောင်းပါဘူး အရင်ကချစ်သူရေရ...

ငါ့အနာဂတ်ကို နှလုံးသားနဲ့စီရင်ဖို့

အကြိမ်ကြိမ် မာနနင်းချေခွင့်ပြုခဲ့ဖူးပေမယ်

နင်ရက်စက်တဲ့နေ့ကစလို့..

ငါ့ခံစားချက်တွေကို ရက်စက်တတ်ဖို့ ပြင်ဆင်လိုက်ပြီ..

နှလုံးသားကို ဆက်လက်စီရင်ခွင့်မပေးထားလို့

နောက်ထပ်နေ့ရက်တွေရဲ့ ရင်ခုန်သံတွေထဲမှာ နင်ပါဝင်နေမှုကို

တဖြည်းဖြည်းချင်းလျှော့ချဖို့ တနေ့ထက်တနေ့ ငါပိုကြိုးစားနေလို့ပါ..။။။။။။။။။။။။။။။။။။။။။။။။။။။။။။

                                                                 ♪♫မေဖြူချစ်နှင်း♪♫


No comments:

Post a Comment