"ချစ်တယ်"
အဲဒီအက္ခရာလေးက
င့ါရင်ဘတ်ထဲမှာ ၀င်ပုန်းနေတာ.....။
"မြတ်နိုးတယ်"
နင်မသိပါစေနဲ့....။
"တန်ဖိုးထားတယ်"
င့ါနှလုံးသား ကမ္ဘာမြေမှာ အမြစ်တွယ်နေတာ........။။။။။။။။။
ရင်တွင်းဖြစ်စစ်စစ်လေးတွေက
ကဗျာအဖြစ် ပြောင်းလဲသွားပေမယ့်
ပြောင်းလဲခြင်းကင်းမဲ့နေတာ
င့ါရင်ဘတ်ထဲက အချစ်တွေ...။
"အလွမ်းး" ကို
မိတ်ဆွေအဖြစ်တောင် မထားချင်ဘူး..။
နင်နဲ့ငါ တစ်ခုတည်းသော မိုးကောင်းကင်အောက်
မြေပြင်ပေါ်မှာ ရပ်တည်ရှင်သန်နေကြတာပဲလေ...။။။။။။။။။။
ဝေးနေပေမယ့် အနာဂတ်ကိုကြည့်ဖို့
အချိန်ကတော့ ခရီးနှင်နေပြီ...။
အချစ်တွေသာလို ...အမုန်းမလို
အတ္တလွန်တဲ့ငါ.
နှစ်ဆုံးလို့ လတွေကြာ
ရက်တွေသာ ကုန်လွန်လာ
ဘယ်တော့မှ မေ့မရတာမို့
အတူဆုံဖို့ ရက်ကိုသာ
လက်ချိုးရေ မျှော်ကိုးကာ
ကြိုးစားရ ဘ၀တစ်ထစ်ချိုးး
လှေကားထစ်မှာ အတူတွဲထိုင်
ပျော်မြူးနိုင်ဖို့ ဖူးစားပါလာခဲ့ရင်.....
မြှားနတ်မောင် ရဲ့ မြှားချက်လွဲချော်လဲ
ဆုံဆည်းနိုင်မှာမလွဲပါဘူးးးးးးးးးး။။။။။။။။။။။။။
ṒṒṒမေဖြူချစ်နှင်းṒṒṒ
No comments:
Post a Comment