စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်းကို
ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တဲ့ငါ......။
စိတ်ကူးယဉ်အချစ် ရင်မှာနှစ်ပြီး
ကယ်တင်ရှင်မေခလာ လုပ်ချင်မိတဲ့ငါ......။
မညီနိုင်တဲ့ ညီမျှခြင်းကို
ထပ်တူကျအောင် အတင်းညှိတော့
မလှအဖြေ နှလုံးကြေအောင် ရရှိခဲ့တဲ့ငါ......။
ပေးသူမရှိ ပြိုင်သူနတ္ထိနဲ့
အကောင်းဆုံးရခဲ့တဲ့ငါ.......။
ဝေဒနာကို နေရာတကာ မပါစေဖို့
သူ့အချစ်အတွက် စီနီယာမဖြစ်သလို
ဂျူနီယာလည်း မလုပ်ချင်တာမို့
လမ်းဘေးကလေးတွေလို
အော်လိုက်ချင်တာက...............
ငါ့ချစ်သူရွှေမင်းသားလေး
ဘေးမှာဝိုင်းရံနေတဲ့ မဒီချောချောတွေနဲ့အတူ
ထာဝရပြုံးပျော်ရွှင်နိုင်ပါစေလို့..။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မေဖြူ
(4.10.2011)
No comments:
Post a Comment