Saturday, 28 July 2012

♥♥♥♥♥♥♥♥သတိရခြင်းတွေကိုတားပေးပါ♥♥♥♥♥♥♥♥



အစကတည်းက တနေ့မုန်းသွားလို့
လမ်းခွဲဝမ်းနည်းရမှာ ကြိုသိနေပါတယ်.....။
အစကတည်းက တနေ့စိမ်းကား
မေ့သွားခဲ့မှာသိခဲ့ပါတယ်.....။

သိလျက်နဲ့ပဲ...
ပေးဆပ်ခြင်းဆိုတဲ့ အရာတစ်ခုမှာ
နစ်မျောမိနေတုန်းးးး
ပျော်ရွှင်မြူးတဲ့ချစ်ဘဝ
ဖြစ်သမျှကိုချစ်မ၀ဘူးလေ.....
အခုတော့အချစ်သစ်ပင်
ရင့်သန်နေပြီးမှ..အမြစ်ပါဆွဲနှုတ်ခံရသလိုမျိုး
ငါတစ်ယောက်ထဲ အမှောင်ထဲမှာလမ်းပျောက်နေပြီ.....။

အိပ်စက်ရခြင်းတွေကခါးသီးနေတယ်...
ပြန်မရှင်သန်နိုင်တဲ့အိပ်မက်ဟောင်းနဲ့
နေ့နဲ့ညဟာ မူးရီနေတယ်....
အိပ်မပျော်တဲ့ရောဂါတစ်ခုနဲ့
နှောင်းအတိတ်ကို အောက်မေ့နေတတ်ပြီ...။

အသက်ရှုတိုင်း အလွမ်းတွေသယ်လာတဲ့ငါ့ကို
သနားသောအားဖြင့်....
ကံတရားရယ် ...ကျေးဇူးပြုပြီး
ငါ့ကိုသတိရခြင်းတွေတားပေးပါလား။။။။။။။။။။။။။။။။။။။။။။။။။။။။။။

                           မေဖြူချစ်နှင်း

No comments:

Post a Comment