ငါပြောရခက်တယ်.....။
ဘယ်နွယ်က ဘယ်အပင်ကိုသစ္စာမဲ့ခဲ့တာလဲ
ငါစဉ်းစားရခက်နေပေမယ့်....
ဘယ်သူက ဘယ်သူ့ခံစားချက်ကိုဆော့ကစားနေလဲ
အဲဒါတော့....ငါသိနေခဲ့တယ်..။။
သူ့ဘ၀မှာ
သိက္ခာရှိဖို့ အရေးကြီးတယ်......
မာန်မာနကို သူမက်မောတယ်....
နာမည်ရဖို့ သူလိုလားတယ်........
သူ့ရဲ့အရေးကြီးမှုက.........ပျော်ရွှင်ဖို့
သူ့ရဲ့မက်မောမှုက..........စိတ်ချမ်းသာချင်တာ
ငါဆိုတာက သူ့ပျော်ရွှင်မှုအတွက်
စတေးခံတစ်ခုသက်သက်ပဲ.........။။။
ကမ်းပါးရဲ့ငိုသံနဲ့
သစ်ပင်တစ်ပင်ရဲ့ မျက်ရည်ကို
နင်.......သတိမပြုမိချင်ယောင်ဆောင်သလို
သောင်ပြင်အလှနဲ့နွယ်ပင်အမြင့်ကို
မျှော်ငေးနေမိတဲ့ ငါ့ကိုလည်း
နင်မမြင်ချင်ယောင်ဆောင်ခဲ့တယ်နော်......။။။
နင်သိတာက
င့ါကိုခံစားတတ်လာအောင် ဖြားယောင်းဖို့နဲ့
င့ါခံစားချက်ကိုအသုံးချရုံသက်သက်ပဲ.......။
နင်မသိခဲ့တာက
ငါဆိုတဲ့မိန်းမကလည်းးးဘယ်လောက်ပဲ
သံယောဇဉ်ရှိပါစေ.....
မိန်းမတစ်ယောက်ရဲ့မာနကို
ချကျွေးပစ်လိုက်ရလောက်အောင်
မမိုက်မဲဘူးဆိုတာပဲ........။။။
ထိပါးလာတဲ့မာနကိုခ၀ါချပြီး
သာယာဖို့လည်းဘယ်တော့မှမကြိုးစားဘူးး
ခုချိန်ကစပြီးးး
ငါ့ရင်ခွင်ထဲမှာ ဆူးအထပ်ထပ်နဲ့အဆိပ်သင့်တဲ့
ပန်းပင်လေးတွေကို စိုက်ပြီး နင့်အတွက်
စည်းခြားလိုက်ပြီ....
သတ္တိရှိရင်တော့ ခပ်ရဲရဲလျှောက်လာခဲ့ပေါ့......
ဒါပေမယ့်
အဆိပ်သင့်ခဲ့တဲ့ငါ့ရဲ့နေ့စွဲတွေအတွက်တော့
လျော်ကြေးတော့ပါ,ပါစေနော်..........။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မေဖြူ
(ခံစားမှုသက်သက်)
No comments:
Post a Comment