♥♥♥♥♥ ကောင်းကင်ကြီးကိုမျှော်ငေးနေရတဲ့ကြယ်လေးအတွက် ကောင်းကင်ကြီးက သူ့ဘ၀လိုပါပဲ....
♥♥♥♥♥ ငါ့ရဲ့ကမ္ဘာမှာလည်းးး အလင်းပြပေးမယ့်နင့်ကိုလိုအပ်တဲ့အချိန်တိုင်း မှောင်မိုက်နေရတဲ့ ညပေါင်း
များစွာ အလင်းမဲ့နေတာ ကြာပါပြီ......
♥♥♥♥♥ နင့်ကိုမေ့ပစ်ဖို့ ချစ်ခဲ့တာမှ မဟုတ်တာ.....
♥♥♥♥♥ နင့်ကိုလွမ်းမိတိုင်း ဘာမှမဖြစ်သလို ဟန်ဆောင်နေရတာ ငါ့အတွက် လဲပြိုကျမတတ်
ပင်ပန်းနာကျင်နေရတယ်..........
♥♥♥♥♥ နင်ငါ့အနားမှာ မရှိနိုင်ပေမယ့် နင်ရှိနေတဲ့အရပ်က ကောင်းကင်အောက်မှာ ဆိုတာ
သတိရနေသေးသလားဟင်....?????.....
♥♥♥♥♥ ဝေးကွာနေပေမယ့် သတိရခြင်းတွေကိုတော့ ငါပိုင်ဆိုင်နေရဦးမှာပါ......
♥♥♥♥♥ "သစ္စာ" ဆိုတာ တိုက်တန်တဲ့လူတွေ အတွက်တော့ အကောင်းဆုံးလက်ဆောင် တစ်ခုပါပဲ..
နင့်ရင်ထဲမှာမေတ္တာကို အလေးနက်ထားတတ်တဲ့ နှလုံးသားတစ်စုံနဲ့ သစ္စာတရားအပြည့် ထပ်တူ
ချစ်တတ်မယ့် ရင်ခွင်တစ်ခုကို ပိုင်ဆိုင်တတ်မယ့်နေ့ကို ငါ မျှော်လင့်နေမယ်..........
♥♥♥♥♥ သတိရတဲ့အချိန်တိုင်း ဖြေသိမ့်နိုင်ဖို့ အတွက် ခွန်အားတွေ င့ါမှာ မရှိဘူးဖြစ်နေတယ်.....
♥♥♥♥♥ ငါ့ခံစားချက်တွေကြောင့် နင့်ကိုနာကျင်စေမယ်ဆိုရင် တော့ တောင်းပန်ပါတယ်ဟာ.......
♥♥♥♥♥ အရာရာတိုင်းကို စိတ်တိုင်းကျတည်ဆောက်ခွင့် မရနိုင်ပေမယ့် နင်ရှိလာရင်ဆိုတဲ့ စိတ်ကူးနဲ့
တည်ဆောက်ဖူးတဲ့ ငါ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာလေး ဖန်တီးနိုင်ဖို့နဲ့ မျှော်လင့်ချက်တွေ ပြည့်ဝဖို့
ငါဆုတောင်းနေမယ်......
♥♥♥♥♥ နင်ရောက်တဲ့နေရာတိုင်းမှာ ငါ့အချစ်တွေနဲ့ ခလုတ်မထိ ဆူးမငြိပဲ အဆင်ပြေပါစေ....
♥♥♥♥♥ နီးစပ်ခွင့်တွေအရောင်မှိန်နေပေမယ့် တိုက်ဆိုင်မှုတွေ ကြုံလာတိုင်း ငါ့ကိုသတိရနေပါစေ......
♥♥♥♥♥ င့ါအချစ်တွေကို နားလည်နေတဲ့ နင့်နှလုံးသားကလည်း မှန်ကန်တဲ့အချစ်စစ်ကို ခံစားနိုင်ပါစေ...
♥♥♥♥♥ ကမ္ဘာကြီးရဲ့တစ်နေရာမှာ ကောင်မလေးတစ်ယောက်က သူ့ဘ၀ရဲ့ လမ်းပြမီးအိမ်ရှင်
ချစ်သူလေးကို ထာဝရမျှော်လင့် စောင့်ကြိုနေတယ်ဆိုတာ............ပြောပေးခဲ့မယ်ဆိုရင်။။။။
♥♥♥♥♥မေဖြူ♥♥♥♥♥
No comments:
Post a Comment