အဖြစ်အပျက်တွေက မေ့ရက်စရာမရှိဘူးး
ကျွမ်းနေတဲ့နှလုံးသားက အလိုက်မသိခြင်းတွေနဲ့ပါ.....။
ရာသီအလိုက် သီအိုရီတွေကြား
ဒုက္ခနဲ့မိတ်မဖွဲ့ချင်ပါဘူးး.....။
လိုချင်တာတွေ ဝေးကွာလှပေမယ့်
ဖြစ်နိုင်ချေတွေနဲ့ စိတ်ကူးယဉ်ဖို့ဆိုတာ
လွယ်တာမှတ်လို့....
ရာနှုန်းပြည့်အထီးကျန်မှု
ကြီးစိုးနေတဲ့ငါ့ကမ္ဘာ...........။
အလွမ်းဆိုတာ............
အရှက်သည်းစွာနဲ့သိက္ခာရှိရှိ
ပြိုကျလာတဲ့မျက်ရည်တွေပါ....။
အရှင်းဆုံးပြောရရင်
လေးတိုးမခံလိုတဲ့အင်အားတွေကြောင့်
ပိုင်ဆိုင်ခြင်းကို စွန့်လွှတ်
အဆုံးမလှတဲ့ဘ၀မှာ
သံသရာဆိုတာ
ငါမကြားချင်တဲ့ စကားတစ်ခွန်းပါ.။။။။။။။။။။။။။။။။။။။။။။။။။။။
မေဖြူချစ်နှင်း
No comments:
Post a Comment