Saturday, 17 November 2012

♫♥Ṓ★✿♫♥Ṓ★✿မာယာမဲ့တဲ့သံယောဇဉ်♫♥Ṓ★✿♫♥Ṓ★✿

                                       ဒဏ်ခတ်ခြင်းနှလုံးသားးတို့ရဲ့ အဝေးးမှာ
ကဆုန်ဆိုင်း ပြေးထွက်လာတဲ့ မာနတွေ..
ခုထိ..သံစဉ်မ မှီ နိုင်တဲ့ရင်ခုန်သံတွေ...
တရိပ်ရိပ်နဲ့ ရစ်မူးနေပုံကအစ
အလွမ်းထဲ ခြေလှမ်းတွေနွံနစ်နေပုံများးးး
ဒီကမ္ဘာထဲ ငါခိုလှုံစရာ နေရာတစ်ခုမှ ရှိသေးးရဲ့လားး ????
အနာဂတ်ပျောက်သူတစ်ယောက်ရဲ့ အမှောင်ညများးး
တစပြင်အလားး  ခြောက်ကပ်နေစဉ်မှာ
တမာန်ငှက်ဆိုးး ထအော်လေပြန်တော့
ငါ့အရိပ်ကိုငါ ပြန်ကြောက်နေမိတဲ့
ခပ်အက်အက်အသည်းနှလုံးးနဲ့  မိန်းမသားးးအဖြစ်.
သိလိုက်မိတဲ့အချိန်....
ငါ့အနားးး  ဘယ်သူမှမရှိတော့ပါလားးး...။။။။။။။။။။။။။။။။။။။။။။။။။။။။
သံယောဇဉ်ကြီးတတ်ပါတယ် ဆိုခဲ့လို့များးးးး
စစ်မြေပြင်တလင်းမှာဆုံစဉ်က မဟာမိတ်ဖွဲ့ပြီးး
အခုချိန်မှ ချုံခိုတိုက်ခိုက်ခဲ့တာလားးး
ကြိမ်ဒဏ်ထက်ပြင်းတဲ့ ရာဇသံတစ်ခုက
ငါ့နှလုံးသားးးနာစေ တဲ့လားးး
ငါဆိုတာ နင့်လက်ခုပ်ထဲက ရေဆိုမှရေ ပါ...
နင်ကတော့ ငါ့ရင်ခွင်ထဲမှာ ၀င်ခွေနေတဲ့
မြွေဆိုမှမြွေ ဖြစ်နေပါရော့လားးးးး
မိုးသက်လေပြင်းးထဲ မျက်ရည်အဖော်ပြုလို့
ကို့လမ်းကိုလျှောက်ချင်ပေမယ့်
နင့်အတွက်ဆိုမာနမထားမိတဲ့ ငါ့အဘိဓာန်က
ဝေးခါနီးတောင် နင့်ကိုမနာကျင်စေချင်ဘူးးးး
ငါအသည်းကွဲနေခဲ့ရင်တောင်
ပျော်ရွှင်နေကြောင်းး သ၀ဏ်လွှာနင့်ဆီဆက်သချင်တာ...
မာယာမဲ့တဲ့ ငါ့ရဲ့ဝန်ခံချက်တစ်ခုပါ....။။။။။။။။။။။။။။။။။။။။။။
အချစ်ဆို တိတိကျကျသိဖူးချင်လို့ နင့်ဆီမှာအညံ့ခံခဲ့တာပါ..
လွမ်းဆွတ်ဖို့နဲ့ ဒဏ်ရာ တွေသာနင်ပေးခဲ့လို့
တစ်ဘ၀စာတော့ ဖူလုံခဲ့ပါတယ်...။
ငါ့ဆုတောင်းသက်သက်နဲ့တော့ ဒီစာမျက်နှာကို
ထပ်ပြီးး လှန်မကြည့်ရက်တော့ပါဘူးးလေ...။
တခြားသူအတွက် နင်ပေးဆပ်ပြီးးပျော်နေဖို့
နင့်အတွက် ဒဏ်ရာအဖော်ပြုပြီးးငါ့ရင်နဲ့သံယောဇဉ်တွေရင်းပေးထားတယ်..။
မုသားးမပြောဘူးးး တကယ်ပါ....
နင့်ကိုငါ အဲဒီလောက်ထိချစ်ခဲ့တာ....။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သေခြင်းတရားးလို သဘာဝကျကျ
ခွဲခွာရရင် တော်ပါသေးးရဲ့ဟာ..။
အရှင်လတ်လတ် အပေါစားဆန်ဆန်ဝေးးရတော့
 ချစ်ခဲ့မိတဲ့ အချိန်ကာလတွေအတွက်
နှုတ်ဆက်ရတော့မှာ မတန်သလိုပါပဲ...။
ဒီဘ၀မှာ ချစ်သူရှိရက်နဲ့ အသစ်ရှာကြတဲ့သူတွေဟာ
စိတ်ကူးယဉ်လေလွင့်  ပေါ့ပါးစွာနဲ့
ဘ၀မုန်တိုင်းးကို စိန်ခေါ်တတ်ကြသူတွေ တဲ့..။
နင့်ဘ၀ မုန်တိုင်းး မထန်စေဖို့ ဆန္ဒပြုပါတယ်....။
ဝယ်သုံးပြီးကတည်းက ပြန်လဲခွင့်မရှိတော့တဲ့
တစ်ခွန်းဆိုင်ကလိုမျိုးး  နင်ဝန်ခံခဲ့တဲ့ အမှန်တရားး
စကားးလုံးတိုင်းးလဲ ရုပ်သိမ်းခွင့်မရှိအောင်
ငါ့ရင်ထဲ သံသယတွေခိုင်မာနေပြီဆိုမှတော့
ဒီနှောင်ကြိုးးးကို ဘယ်သူလာတားတားးး
ငါ ဆက်ဖို့မရှိတော့လို့ ဖြတ်ဖို့ကြော်ငြာခဲ့ပါပြီ...။။။။။။။။။။။။။။။။။။။။။။။။



 ♫♥Ṓ★✿မေဖြူချစ်နှင်း♫♥Ṓ★✿
 3:11PM






No comments:

Post a Comment