Saturday, 17 November 2012

~ ~~~~~ ရောင်စဉ်မဲ့အလွမ်းး~~~~~~


                                                 နင်ထွက်ခွာသွားတဲ့ အချိန်က
ကောင်းကင်ကို ငါခပ်တင်းတင်းမော့ကြည့်နေရင်းး
လက်ကျန်မာနနဲ့  နှုတ်ဆက်မိတယ်...။
ေ၀၀ါးသွားတဲနင့်ကျောပြင်က ပုံရိပ်ယောင်အလားးး
ဆက်မကြည့်ရဲတော့လို့ ငါခေါင်းငုံ့မိတဲ့အခိုက်မှာ
မျက်ဝန်းအိမ်က ခိုဆင်းလာတဲ့မျက်ရည်မြစ်တွေ
ငါ့ခြေဖမိုးဆီကိုဦးခိုက်ပြေးးဆင်းသွားးတယ်....။
နင်ကငါ့ဘ၀ထဲကိုအိမ်မှားလာတဲ့ဧည့်သည်ပါလားးး
နောင်တမရချင်တဲ့ င့ါဆန္ဒတည်မြဲမှုက
ရာသီတွေပြောင်းလဲတိုင်းလဲ အိပ်ချင်ယောင်ဆောင်နေတုန်းးးး
ဝေဒနာက င့ါကိုကျဆုံးအောင်ပြုစားးနေပြန်ပြီ..........။။။။။။။။
ရည်ရွယ်ချက်ကင်းမဲ့တဲ့ အဖြူရောင်သံယောဇဉ်စစ်ချင်ပါရဲ့..
ပြောင်းးးလဲပစ်ဖို့လဲ မရည်ရွယ်ခဲ့ရိုးးးအမှန်ပါ...
နင့်ကိုဘယ်လောက်ပဲမုန်းချင်ပါစေ...မေ့မရတာ..
နင့်ကိုဘယ်လောက်ပဲဥပေက္ခာပြုချင်ပါစေ...ကျောခိုင်းမရတာ...
နင်နာကျင်နေတိုင်းးလဲ....ဖေးမကူညီချင်နေတာ...
နင့်အတွက်ဆိုင့ါနှလုံးသားကကျိန်စာသင့်ပြီးသားမို့ပါ....။
အထပ်ထပ်ကြားယောင်မိနေဆဲ  ၀န်ခံစကားးတစ်ခွန်းးး
မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု....
ရင်ဆိုင်ပေးးဖို့ အတွက်  ငါရင့်ကျက်သူတစ်ယောက်အဖြစ်
ဟန်ဆောင်ပေးးခဲ့ပါတယ်.....။
တိုတောင်းလှတဲ့အချိန်လေးးးးပေမယ့်
ဘာမှမက်လောက်စရာမရှိတဲ့  နင့်ကို
ငါက မက်မက်မောမောတွယ်တာနေခဲ့တာကိုးးးးးး
ဒီဘ၀မှာငါက နင့်အတွက်ပေးဆပ်သူပဲဖြစ်ခွင့်ရခဲ့တယ်....။။။။။။။။။။။။။။။။

ခရီးတစ်ခုရဲ့အဆုံးမှာ ကြေကွဲသံမြည်နေတဲ့ရာသီနဲ့
ငါတစ်ယောက်ထဲပါပဲ....
နင်ရှိနေမယ့် ကမ်းနဖူးဆီမေးတင်ပြီးး လွမ်းနေတာလဲ
ငါတစ်ယောက်ထဲပါပဲ.....
လက်ကျန်မိုးစက်လေးတွေ  သဘာဝရဲ့ပြုစားမှုအောက်
တစက်ချင်းးးကြွေကျနေချိန်မှာလဲ
ငါတစ်ယောက်ထဲပါပဲ....
အချစ်သံသရာတစ်ဖက်ကမ်းးကို အလွတ်ရုန်းဖို့ကြိုးစားးနေတာလဲ
ငါတစ်ယောက်ထဲပါပဲ....
လွတ်လပ်မှုနဲ့ ရိုးးသားးမှုကို ပိုင်ဆိုင်ဖို့
မရိုးသားးမှုကို သုတ်သင်ပစ်မှ ရရှိလာမယ့်
အသိတရားး....အရှိတရားးးးတွေအတွက်
ပစ္စုပ္ပန်ကိုငါသိမှ.....အနာဂတ်လမ်းးးရှိလာမို့လို့ပါ.....။။။။။။။။။။။။။။။။။။။။



                                                                                      ♥♥မေဖြုချစ်နှင်း♥♥


No comments:

Post a Comment