Sunday, 1 July 2012

¸,¤°´'`°•.¸O¸.•°´'`°¤,¸ ♥ မုန်းသယောင်ဥပေက္ခာ♥ ¸,¤°´'`°•.¸O¸.•°´'`°¤,¸

                                       မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်မို့
မမျှော်လင့်ဘဲအလွမ်းတွေနင်ပေးလိုက်ပေမယ့်...
ငါနင့်ကို...မမုန်းပါဘူးးးး
နင်စီကုံးပြီး ရေးလိုက်တဲ့စာလုံးတွေအတွက်
နှလုံးကြေကွဲပြီး ငိုကြွေးနေရရင်လဲ
ငါနင့်ကို.....မမုန်းပါဘူးးးး
ဝေးနေတယ်ဆိုတာထက် ပိုပြီးးဝေးနေတာကို
နောက်ကျမှသိခဲ့တဲ့ င့ါကိုယ်ငါပဲ မုန်းးတယ်..။။။။။။။။။။။။။။။။။။။။။
အချစ်မပေးတတ်ဘဲနဲ့များးး အချစ်လို့နာမည်တပ်ပြီးး
မာနတွေ သိက္ခာတွေ ပခုံးချင်းယဉ်တိုက်ရဲခဲ့တယ်....
အသဲတောင်ကွဲပြီဆိုမှတော့
လွမ်းတာလောက်ကို စာမဖွဲ့ချင်တော့ပါဘူး...
အနာတရတွေများလွန်းလို့ ခ၀ါချလိုက်ရအောင်လည်း
မာနတွေကိုအားနာတယ်...။
အချစ်ဆိုတာ..........
လိုအင်ဆန္ဒနဲ့ သိက္ခာကို လုံအောင်ခြုံထားတဲ့
အလှပဆုံး ၀တ်ရုံတစ်ခုဆိုတာ နင်သိပါ့မလား ..။။။။။။။။။။။။။။။။။။။။။။။။။။။။။
ခုချိန်မှာ နင်ပြုံးလည်းး ငါ့နှလုံးသားး မသာယာဘူးးးး
နင်မုန်းလည်းး  ထိခိုက်ဝမ်းနည်းငိုကြွေးမနေတော့ဘူးးးး
ပြုံးလိုက် ...မုန်းလိုက်နဲ့ နင်ဖန်တီးတဲ့ ခံစားမှုတွေကို
သာတယ်...နာတယ် ....ငါမသိတော့တာအမှန်ပဲ.....။
အချိန်တွေကြာလာတာနဲ့အမျှ.....
နင်.......ငါ့ရင်ထဲကဥပေက္ခာကို
အမုန်းးတရားးကင်းမဲ့စွာနဲ့
သေသေချာချာ ပိုင်ဆိုင်နေပြီ ဆိုတာ..။။။။။။။။။။။။။။။။။။။။။။။။။။။။
                                                                  ♥မေဖြူချစ်နှင်း♥
 


No comments:

Post a Comment