Sunday, 1 July 2012

♥.♥.♥.မေတ္တာမှာတမ်း.♥.♥

                          ငါမမြင်တွေ့နိုင်တဲ့နေရာမှာ နင်ရင်ခွင်သစ်တွေ့နေပြီလားးး
ငါမက်ခဲ့ဖူးတဲ့ အိပ်မက်တွေ တခြားသူက ခူးယူသွားပြီလားးး
ငါစိတ်ကူးယဉ်ဖူးတဲအနာဂတ် တခြားသူနဲ့အတူနင်ဖန်တီးးနေပြီလားးး
မေးခွန်းတွေအများကြီးးနဲ့ ငါခုထိမနေ့ကလိုတွေးမိနေတုန်းးးးပါ...
တကယ်တော့ငါကအရိပ်ပြပြီး အကောင်အထည်မဖော်ပြနိုင်တဲ့
ခပ်ညံ့ညံ့ရင်ခုန်သံတွေနဲ့ ပျော်မွေ့နေတဲ့သူပါ..
သံယောဇဉ်အမှတ်အသားကလဲ ဗလာနတ္ထိ..
ချစ်ခြင်းမေတ္တာကလည်းး ခြိမ်းရုံခြိမ်းပြီးး မရွာနိုင်တဲ့မိုးလိုပါပဲ...........။။။။။။။။။။။။။။။။။။။
ငါကြင်နာခဲ့ဖူးသလို....ငါ့ကိုနာကျင်စေဖူးတဲ့ချစ်သူရေ..
ခုချိန်မှာ နင်အချစ်သစ်နဲ့တွေ့နေလောက်ပြီပေါ့..
နင့်အတွက်  ငါမျှော်လင့်မိပါတယ်..
နင်အချစ်ကို ကိုးကွယ်ပါ..
ငွေနောက်လိုက်ပြီး မမိုက်မိပါစေနဲ့..
ရောင့်ရဲတင်းတိမ်တတ်ဖို့ နင်ကြိုးစားပါ..
ရောက်တဲ့နေရာမှာ ပျော်ရွှင်စွာနဲ့ရှင်သန်ပါ..
နင်ဝမ်းနည်းတဲ့အခါ ငိုချလိုက်ပါ..
နင်ပျော်ရင် နင့်နားကလူတွေကို ဝေမျှပေးပါ..
စိတ်ကူးယဉ်ပြီး အိပ်မက်လှလှလေးးတွေမက်ပါ..
နင့်မျှော်လင့်ချက်တွေ ပြည့်ဝအေင်ဖန်တီးးပါ..။
ဒါမှလဲ.......ငါနင့်ကိုစွန့်လွှတ်ရကျိုးနပ်မှာပေါ့လေ..
ငါနင့်အနားမရှိပေမယ့်...ငါ့စကားးတွေနင်အမြဲကြားယောင်နေပါစေ ။။။။။။။။။။။။။။။။။။။။။။။
ငါတို့သံယောဇဉ်ကိုသိတဲ့လူအချို့က တချိန်မှာမေ့နိုင်မယ်ဆိုတဲ့စကားးးနဲ့
အားးပေးးကြပေမယ့် ........
ငါရေးခဲ့ဖူးတဲ့ကဗျာအရေအတွက်ကို သူတို့သိကောင်းသိနိုင်လိမ့်မယ်...
ငါဖြစ်တည်ခဲ့တဲ့ သံယောဇဉ်အတိမ်အနက်ကို သူတို့သိနိုင်မယ်မထင်ပါဘူး...
ခံစားချက်ဆိုတာ အချိန်နဲ့လိုက်ပြီးးးပြောင်းလဲတတ်တယ်ဆိုတဲ့စကားး
မှန်တဲ့နေ့တော့ နင့်ကိုလဲ ငါမေ့နိုင်မှာပါ............။
ပန်းလေးတစ်ပွင့်က သူ့ရနံ့ကိုသူကိုယ်တိုင်နမ်းရှိုက်ခွင့်မရဘူးး
ဒါပေမယ့် သူဘယ်မှာအပြုံးပျက်ခဲ့လို့လဲ...
ပေးဆပ်လိုစိတ်အပြည့်နဲ့ ပွင့်ရင်းရှင်သန်ရင်းး
မွှေးရနံ့တွေနဲ့ လောကအလှဆင်နေကြတယ်လေ....။
ငါလဲ အဲလိုမျိုးးစိတ်နဲ့ နင့်အတွက် 
မေတ္တာမှာတမ်းးဆိုတဲ့ ဒီကဗျာလေးးးကို
ရေးဖွဲ့ခဲ့တယ်ဆိုတာ နင်သိခဲ့ရင်........။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

                                                         ♥.♥.♥မေဖြူချစ်နှင်း♥.♥.♥

No comments:

Post a Comment