Thursday, 30 August 2012

★★★ṒṒṒṒ အမှားပြင်ဆင်ခွင့် ṒṒṒṒ★★★

                      ငါဟာငါ့အတွက်ပဲရပ်တည်ရမယ်ဆိုတဲ့ ခံယူချက်ကို
ပါရမီဖြည့်ဖက်ဆိုတဲ့ စကားလုံးက ပခုံးချင်းယှဉ်တိုက်လာခဲ့အခါ
ကိုယ့်ခံယူချက်ကိုသစ္စာဖောက်ပြီးး ဒူးထောက်လို့
အညံ့ခံခဲ့ဖူးပါတယ်.......။
ခြွင်းချက်ပေါင်းများစွာထဲက ခြွင်းချက်တစ်ခုပါပဲ....
အချစ်နဲ့ဘ၀ဆိုတာ အမြဲကွဲလွဲနေတဲ့နိယာမအမှန်ပါလားးး....။။။။။။။။။။။။။။။။။။။

ṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒ


အချစ်နဲ့ပတ်သတ်တာ ဆိုတာ
ဘယ်တော့မှမတည်မြဲတတ်လို့
အစီအစဉ်တကျမရှိတတ်တာ အမှန်တရားပဲလေ.။
အချစ်ပြီးရင်အချစ်လာရမယ်ဆိုတဲ့ သတ်မှတ်ချက်မှမရှိတာ.
အလွမ်းတွေ ..နာကျင်သောကဆိုတာလဲ ရှိလာနိုင်တာပဲလေ..။
ပြောခွင့်ရှိရင်တောင် မပြောချင်တော့ပါဘူးးးး
ငါက ငါ့လမ်းကြောင်းအတိုင်းစီးဆင်းချင်တဲ့မြစ်တစ်စင်းလေ..။
နောက်ဆုံးဆွဲလိုက်မိတဲ့ ခံယူချက်နဲ့ မိန်းကလေးဆိုတဲ့အသိက
င့ါရင်မှာ တင်းခနဲ့လာငြိတယ်...
ငါ...အဲဒါတော့ မာနကြီးတတ်ပါတယ်...။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒ


လေပြေတစ်ချက်ဝေ့လိုက်သလို အိပ်မက်ဆိုတာ
တခဏလေးးပါပဲလားးး
မျှော်လင့်ခြင်းတွေ ပန်းလိုဝေရမယ့်အစားးး
နှလုံးအိမ်တစ်ခုလုံးပဲ ပန်းလိုကြွေခဲ့ရတယ်...။
အချစ်က ရာသီမှားပွင့်ခဲ့တဲ့ပန်းလေးအလားးပါပဲ...။
နောက်ဆုံးမှာတော့ ငါ့အိပ်မက်ကို ငါကိုယ်တိုင်
ပြန်လှုပ်နိုးးခဲ့ရတယ်...။
ငါမကြည်ဖြူချင်တဲ့ ဒီအိပ်မက်ကို ဆက်မက်ဖို့
နောက်ဆုတ်ချိန်ဟာ အချိန်လွန်ခဲ့လို့နာက်ကျနေပါပြီ..။
ဒဏ်ရာများပေမယ့် သာသာလေးးပါပဲလို့ကြွေးကြော်ရင်းး
ငါကိုယ်တိုင်ပျိုးခဲ့တဲ့ လောင်းရိပ်အောက်ကနှုတ်ထွက်ဖို့
တိတ်တိတ်လေးပဲ ကျောခိုင်းပြန်ခဲ့တယ်...။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒ

လောကမူကိုမျှမျှတတနဲ့ ကျင့်သုံးးးမယ်လို့ယူဆရတဲ့ဘ၀ဆိုရင်တော့
ငါ့မှာလဲ အမှားပြင်ဆင်ခွင့်ရှိမယ်ထင်ပါတယ်...။
ဝဠ်ကြွေးရှိသမျှလဲပေးဆပ်ခဲ့ပြီးလို့ အကုန်ကြေလောက်ပါပြီ...။
လမ်းမှန်လျှောက်ဖို့ အားယူနေတဲ့မိန်းမတစ်ယောက်ကို
ကံကြမ္မာက  ဆက်လက်ရက်စက်ဖို့တော့
မလုပ်တန်ကောင်းးဖူးး ထင်ပါရဲ့နော်...။
ဘာပဲဖြစ်ဖြစ်လေ....
ခဏလေးးရောက်ရှိခဲ့တဲ့ဒီဘ၀လေးးတစ်ခုမှာတော့
အများးအတွက် ရေရေရာရာအသုံးကျခဲ့ချင်ပါသေးးတယ်....။။။။။။။။။။။။။။။။။။။။။။။။


ṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒṒ

★★★မေဖြူချစ်နှင်း★★★


No comments:

Post a Comment