အလျားအနံမရှိတဲ့ မေတ္တာတရားကို
ထူထူထဲထဲဝတ်ဆင်လို့
သတိတရနာရီတွေထဲ
တိုးဝှေ့လျှောက်လှမ်းရင်းး
ငါ....လွမ်းတယ်.....။။။။။။။။။။။။
နင်ရှာဖွေနေတဲ့ဘ၀နဲ့
ငါရှာဖွေခဲ့တဲ့အချစ်က
တွန်းကန်အားး ပြင်းလွန်းလှတော့
ရင်ခုန်သံတွေဝါးမျိုထားးတဲ့
နံနက်ခင်းးးတွေ ပြိုကျလို့
တစ်ဘ၀စာအတွက်လွမ်းချင်းတွေလားးးးးးး။။။။။။။။။။။။။။။။။။။။။။။
စာမျက်နှာပေါ်တင်ထားးးတဲ့ နေ့စွဲတွေနဲ့
နေ့စွဲတပ်ထားးးးးတဲ့ စာမျက်နှာတွေဟာ
ကြက်ခြေခတ်လို့ မရတဲ့ အမှားတွေဆိုရင်
ပြောင်းပြန်ပေါ်လာတာ ပုံရိပ်စစ်တွေပေါ့....
တကယ်တော့...ဘ၀ဆိုတာ
မပြည့်စုံခြင်းးးတွေနဲ့ ပြည့်စုံနေခဲ့တယ်
နေ့စဉ်လျှောက်နေကျ လမ်းကို
ခြေရာထပ်အောင် ပြန်လျှောက်ရင်းးး
ကြယ်ကြွေတာလဲ မြင်ဖူးတယ်..............
လရောင်ပြိုတာလဲ မြင်ဖူးတယ်...............
နေရောင်ခြည်ဖြန်းတဲ့ အပျိုစင်မနက်ခင်းးလေးလဲ
မြင်ဖူးပေမယ့် ..................
အကြင်နာစစ်ဆိုတာ မမြင်ခဲ့ဖူးလို့
မြည်းစမ်းကြည့်ခါမှ အပူလောင်သလိုမျိုး
မဖြစ်ဖို့တော့ ဆုတောင်းမိတယ်........။။။။။။။။။။။။။။။။။။။။။။။
သစ်ရွက်လေးးတွေ ငေးနေရတာ ရင်မောတယ်..
ရိုးတံညှာချင်း ထိစပ်နေမှချစ်ခြင်းတရား မဟုတ်ပါဘူး
တစ်ကိုင်းထဲ ပွင့်ဝေနေရတာကိုက
ထာဝရမပြောင်းမယ့် သစ္စာတရားး အစစ်.....
"သူငယ်ချင်း"ဆိုတဲ့ စကားကြားက
လျှံထွက်လာတဲ့ မေတ္တာတရားးး
"အချစ်"လို့ နာမည်တပ်စဉ်က
ပန်းလေးတွေ ရှက်လို့ ရယ်သွားးးးးးသလို
လေပြည်လေးးးးတွေ တိုးဝှေ့ကျီစယ်သွားတယ်.......
ငါတို့ ဘ၀ရဲ့နေ့ရက်တွေမှာ
အသေချာဆုံး "သံယောဇဉ်"ကို
အချစ်နဲ့အတူ "သစ္စာ"ချည်တိုင်မှာ
တုပ်နှောင်လို့ လက်တွဲအတူတူ
လျှောက်လှမ်းသွားကြဖို့ရာ.......
ကြင်နာသူအချစ် စစ် မှဖြစ်မယ်နော်။။။။။။။။။။။။။။။။။။။။။။။။။။။။။
မေဖြူ
No comments:
Post a Comment