မွန်းကျပ်စွာ ဖြတ်သန်းနေခဲ့တာ ငါပါ......
အလွမ်းတွေကို ရွက်လွှင့်
အဲဒီမျက်ရည်မြစ်ကို ဖြတ်ဖို့
ဘယ်လိုအင်အားမျိုး မွေးရမှာပါလိမ့်။။။။။။။။။။။။
အမှောင်လွန်းတဲ့ ကမ္ဘာတစ်ခြမ်းမှာ
လမ်းပျောက်နေသူရဲ့ ရင်မှပဲ့ကြွေတဲ့
သံစဉ်တွေကို နင်ကြားနိုင်ပါ့မလားးးးးးး
သံယောဇဉ်ကြိုးတွေနဲ့ ပျိုးခဲ့တဲ့မီးတစ်စက
ငါ့ရင်နဲ့မမျှအောင် ကျွမ်းလောင်နေပါပြီ။။။။။။။။။။။။။။။။။။
မျှော်လင့်ခြင်းတွေ တဖြုတ်ဖြုတ်ကြွေနေတဲ့လမ်းမှာ
ဟိုးးအရင်လို နှင်းတွေမဝေတော့သလို
ပန်းတွေလည်း မကြွေတော့ဘူးးးးးးးးးးးး
ကြွေနေတဲ့ သစ်ရွက်တွေကို ငေးရင်းး
နင့်ကိုသတိရလိုက်တာ။။။။။။။။။။။။။။။။။။။။။။
တဘ၀တာ ဝေးကြဖို့ တခဏတာ
ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာရယ်.......
လမ်းဆုံးမှာ ကျန်ရစ်သူရင်ထဲက
အလွမ်းတွေကို ဆောင်ကျဉ်းပေးလှည့်ပါ နော်။။။။။။။။။။။။။။။။။။။။။။
သိမ်ငယ်စွာ သိုဝှက်ထားတဲ့ အချစ်ကို
မပြောမိခဲ့တာ တချိန်မှာ
အဆိပ်သင့်လိမ့်မယ်လို့ ငါမထင်မိခဲ့လို့ပါ.........
ရင်မှာချည်တဲ့ကြိုးတွေကိုဖြတ် ဒီအလွမ်းတွေဆက်လို့
ငါ့နှလုံးသားတစ်စုံက နင့်အတွက်
ဆက်ပြီး ရင်ခုန်ချင်နေသေးတယ် ချစ်သူရယ်။။။။။။။။။။။။။။။။။။။။။။။။။
မေဖြူ
မေဖြူ
No comments:
Post a Comment