Monday, 2 July 2012

★★★★★' ကံ ★★★★★

လမ်းမကြီးရဲ့ အလယ်မှာ မိန်းမတစ်ယောက်
ဝမ်းပမ်းတနည်းး ရှိုက်ရှိုက်ပြီးးငိုနေတယ်...
အဲဒါကို လူအုပ်ကြီးတစ်စုက စိတ်ဝင်တစားနဲ့ကြည့်နေတယ်..
ငိုနေတဲ့မိန်းမ ရုတ်တရက် ထပြီး မတ်တပ်ရပ်လိုက်တော့
ဘာလုပ်မလို့လဲဆိုပြီးး လူအုပ်ကြီးက လိုက်ကြည့်ကြပြန်ရော..
တခါထပ်ပြီး အဲဒီမိန်းမက သူ့လက်ထဲကအထုပ်တစ်ခုကိုဖောက်ချလိုက်တော့
လူအုပ်ကြီးးခမျာ ပြုးတူးပြဲတဲနဲ့ ဘာထွက်လာမလဲဆိုပြီး လိုက်ကြည့်ပြန်ရော..
အ၀တ်စုတ်တွေထွက်လာတော့ ဟာခနဲဆိုပြီးး သက်ပြင်းချလိုက်နဲ့..
အဲဒီမြင်ကွင်းကို လူအုပ်ကြီးက သဘောပဲကျနေတာလားးးးး.....?
ဈာန်ပဲဝင်နေတာလားးး.....?
ရုတ်တရက် အဲဒီမိန်းမ ထပြီးပြေးးတော့ဘယ်များပျောက်သွားမလဲဆိုပြီးး
အလန့်တကြားးနဲ့ လိုက်ရှာကြပြန်ရော....
ကဲ...အရူးလို့ပြောနေတာ အဲဒီမိန်းမကိုလားးးး...???
ဒါမှမဟုတ်.....ပုံစံမျိုးစုံနဲ့ယောက်ယက်ခတ်နေတဲ့လူအုပ်ကြီးကိုလား.......???။။

အတည့်ကို အတည့်အတိုင်း မြင်လိုက်ရရင်လည်းး
အထိအရှတော့ ရှိချင်ရှိမှာပဲလေ...
သူ့ဟာသူဟုတ်နေသားးက. ပျင်းလို့ထလုပ်မိတဲ့အခါ
အပျင်းပြေဆိုတဲ့ခေါင်းစဉ်အောက်ကို အလိုလိုရောက်သွားပြန်ရော...
နံရံကိုပစ်ပေါက်လိုက်တဲ့ ရောဘာဘောလုံးတစ်လုံးဟာ
နာကျင်မှုတွေနဲ့ ပြန်လမ်းဖြောင့်နိုင်ပါရဲ့လားးး........
ချောမွေ့တိုင်းး လဲ မကောင်းဘူးးးတဲ့
ချော်လဲတဲ့သူက ပြောတဲ့အခါ ရောယောင်ထိုင်ချလိုက်ဖို့
ပြင်ဆင်တဲ့သူတွေ အစီအရီပေါ်လာပြန်တော့တာပါပဲ..........
လောကကြီးရဲ့သဘာဝ ဆိုတာ အဲဒါတွေလားးး ....???? ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 ချစ်ကြ ခင်ကြတဲ့သူတို့ တွဲလက်များ မြဲစေသားးးးးးးးးးး
အချစ်နဲ့အမုန်းဟာ အကြွေစေ့ရဲ့ ခေါင်းနဲ့ပန်းလို
ကျောချင်းကပ်နေတယ်..........
အကြွေစေ့ကို မြှောက်တင်လိုက်လို့ ဒေါင်လိုက်ကျလာတဲ့အခါမှာ
ရယ်ရအောင်  ငါတို့အသင့်ပြင်ထားးကြမယ်....။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 အသိတရားးပြန်ဝင်လာစေချင်ရင်တော့ အသိတရားးးနဲ့
ခေတ္တခဏ ကင်းကွာပေးးမှ ဖြစ်မှာပေါ့...........
ကဲ......... ရစ်ချင်တဲ့သူတွေကတော့ မူးအောင်သောက်ပေါ့...
ချစ်ချင်တဲ့သူတွေက ဘောပင်တစ်ချောင်းစီယူသွားးးးးးးး
အပိုတွေပြောနေတယ်ထင်ပြီးး ဒါလေးကိုဖတ်တဲ့အခါ စိတ်မပျက်ပါနဲ့....
လောကမှာ သနားစရာအကာင်းဆုံးနဲ့ မကောင်းအပြောခံရဆုံးသူဟာ
"ကံ" ဆိုတာ..........ငါသေသေချာချာ သိခဲ့လိုက်ပါပြီ....။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

                                                  ★★★★★'မေဖြူချစ်နှင်း★★★★★'

                           '

No comments:

Post a Comment