နင့်ကို......လွမ်းတဲ့အကြောင်းပြောရင်
ကွဲအက်သွားတဲ့ နှလုံးသားအစအနတွေ
အကြောင်းပါမယ်................♥♥♥♥♥
ရေးခဲ့ဖူးတဲ့ အသည်းကွဲ ကဗျာတွေ အကြောင်းပါမယ်........♥♥♥♥♥
ထိုင်ကြည့်ခဲ့ဖူးတဲ့ လပြည့်ညရဲ့လမင်းကြီး
အကြောင်းပါမယ်..........♥♥♥♥♥
ပြီးတော့...........♥♥♥♥♥
ငါမှားသွားတဲ့ အမှန်တရားတစ်ခုအတွက်
နင်ကိုယ်တိုင် ထိုးစိုက်ခဲ့တဲ့
နှလုံးသားဓါးကို မဖြုတ်ဘဲ
ရွှေချထားတယ်ဆိုတဲ့
အကြောင်းပါမယ်..............♥♥♥♥♥
အချစ်ဆိုတာ.....♥♥♥♥♥
စနစ်တကျ လွဲချော်ခြင်းလားးးးးးးးးးးး
ဝေးနေစိတ်ချင်း ဆက်သွယ်ခဲ့တဲ့ညတွေက
တံခါးပိတ်သွားပြီ ဆိုတော့လည်းးး
မျက်လုံးဖွင့်ပြီး အိပ်ရဦးမှာပေါ့ ချစ်သူရယ်....♥♥♥♥♥
တွေ့ခါနီးမှ လမ်းညွှန်မြေပုံပျောက်တယ်
ဒီနေရာရောက်မှ ဇာတ်ကနာတယ်
တစ်ခါတစ်လေတော့လည်းးး အလွမ်းလေးတွေ
စုပြီး သတိရမိတယ် ချစ်သူရယ်..........♥♥♥♥♥
င့ါအလွမ်းအဆွေးမိုးများ ရွာနေတဲ့မိုးရေထဲ
တစ်ယောက်တည်း အတတ်ဆီ ငေးမောရီဝေရင်း
မင်းကို သတိမရတော့ဘူးလို့
ငါ့စိတ်ကို အကြိမ်ကြိမ် လှည့်ဖျားနေမိတယ်.....♥♥♥♥♥
ငါ့တို့နှစ်ယောက် အတူရေးနေကျ ကဗျာတစ်ပုဒ်လို
ငါ့အနာဂတ်ကို နင်ဆက်မရေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါ....♥♥♥♥♥
င့ါအချစ်သစ္စာတရားကို နင်လျစ်လျှူရှုထားလိုက်တဲ့အခါ.....♥♥♥♥♥
နင့်နာမည်နဲ့ရွာနေတဲ့မိုးတွေက
အငြှိုးနဲ့ ပြင်းပြင်းထန်ထန်
င့ါရင်ဒဏ်ရာတည့်တည့်ကို
လာမှန်နေတော့တာပါပဲချစ်သူရယ်.......♥♥♥♥♥
ဒီလိုနဲ့ပဲ......♥♥♥♥♥
နင့်အတွက်တစ်ချက်ရင်ခုန်မိတိုင်း♥♥♥♥♥
ဒဏ်ရာတစ်ခါတိုးလို့♥♥♥♥♥
အလွမ်းမှတ်စု တစ်ပုဒ်ရေးလို့ ဆုံးပါတော့မလားးးးးးး♥♥♥♥♥♥♥♥♥♥♥♥♥
♥♥♥မေဖြူ(ခံစားမှုသက်သက်)♥♥♥
No comments:
Post a Comment